မင်္ဂလာပါ
E4M ကိုလာရောက်လေ့လာသူများအားလုံးကို လှိုက်လှဲစွာကြိုဆိုပါတယ်။
ပထမဦးဆုံး E4M ကိုမိတ်ဆက်ပေးပါရစေ။
E4M ကို အင်္ဂလိပ်စာလေ့လာလိုက်စားအသုံးချလိုသူ ဝါသနာတူ၊ လိုအပ်ချက်တူ၊ ရည်ရွယ်ချက်တူ တဲ့ မြန်မာလူမျိုးအားလုံးအတွက် အင်္ဂလိပ်စာလေ့လာသင်ယူရာ၊ ဆွေးနွေးမေးမြန်းရာ၊ မျှဝေဖလှယ်ရာ ရပ်ဝန်းလေး တခုအဖြစ် ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ပါတယ်။
တကယ်တော့ ဘာသာစကားတခုကိုလေ့လာသင်ယူတယ်ဆိုတာ ခုသင် ခုတတ် ခုအသုံးချလို့ ရတဲ့ အရာမျိုးမဟုတ်ပါဘူး။
အချိန်နဲ့အမျှလေ့လာသင်ယူနေမှ၊ အသုံးချစရာ ရပ်ဝန်းလေးတခုမှာ မပြတ်တန်းအသုံးချလက်သွေးနေမှ ကိုယ့်ရဲ့ဘာသာစကားက သိသိသာသာတိုးတက်လာနိုင်တာမျိုးပါ။
ဒါကြောင့် E4M ရဲ့ ဆောင်ပုဒ် ကို "live to learn and learn to live" ("ဘဝကိုလေ့လာသင်ယူမှုနဲ့ တည်ဆောက်ပါ") လို့ ပေးထားပါတယ်။ တကယ်တော့ ဘဝဆိုတာကို က လေ့လာသင်ယူမှုဖြစ်စဉ်ကြီးတခုပါ (Life itself is a process of learning.) ။ လေ့လာသင်ယူမှုဆိုတာကလည်း ဘဝတလျှောက်လုံးလုပ်နေရမယ့်အရာပါ ( Learning is a life-long process. ) ။ ဒီတော့ ဒီရှုထောင့်ကကြည့်ရင် လေ့လာသင်ယူတတ်ခြင်း ( Learning to learn ) ဟာ ဘဝရဲ့သော့ချက်ပါပဲ။ ဒီနေရာမှာ စီးပွားရေးပညာရှင်၊ စာရေးဆရာ Peter M. Senge (1947 - ) ပြောတဲ့စကားက အလေးအနက်ဆင်ခြင်စရာပါ။
"The entire global business community is learning to learn together, becoming a learning community."
"ကမ္ဘာ့စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကြီးတခုလုံးဟာ အတူတကွလက်တွဲသင်ယူတတ်အောင်အားထုတ်ရင်း စဉ်ဆက်မပြတ်လေ့လာသင်ယူနေတဲ့ အသိုင်းအဝိုင်းကြီးဖြစ်လာနေပါပီ" တဲ့။
သူက ကမ္ဘာ့စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကြီးရဲ့ ဦးတည်ရာလမ်းကြောင်းကို မီးမောင်းထိုးပြလိုက်တာပါ။ အင်္ဂလိပ်စာလေ့လာလိုက်စားအသုံးချလိုသူ ဝါသနာတူ၊ လိုအပ်ချက်တူ၊ ရည်ရွယ်ချက်တူ တဲ့ မြန်မာလူမျိုးအသိုင်းအဝိုင်းကြီး တခု (Myanmar Learning Community of English) ဦးတည်သွားရမယ့်လမ်းကြောင်းဆိုလည်းမမှားပါဘူး။
မှန်ပါတယ်။
ဘာသာစကားတတ်မြောက်အောင်အားထုတ်ရာမှာ အတူတကွလက်တွဲသင်ယူတတ်ခြင်း (Learning to learn together) ဟာ အခရာပါ။
E4M ဟာ အဲဒီလိုဘာသာစကားကို အတူတကွလက်တွဲသင်ယူတတ်တဲ့ မြန်မာအသိုင်းအဝိုင်း ကြီးတခု ပေါ်ပေါက်လာဖို့ ဖြည့်ဆည်းပေးတဲ့ ရပ်ဝန်းလေးတခုပါ၊ အထူးသဖြင့် E4M ရဲ့ E-Forum နဲ့ E-Social ပေါ့။
E-Forum ကို အဓိက ညွှန်းလိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဖိုရမ်ရဲ့သဘောသဘာဝကိုက ဆွေးနွေးမေးမြန်းတဲ့သဘော၊ လေ့လာသင်ယူတဲ့သဘောနဲ့ မျှဝေ ဖလှယ်တဲ့သဘောတွေ ပါနေလို့ပါပဲ။ အခုလောလောဆယ် E-Forum မှာ forum မိတ်ဆက်၊ Learn to Translate and Translate to Learn နဲ့ Learn to Ask and Ask to Learn ဆိုပြီး ကဏ္ဍ ၃ ခုကို ဖွင့်ပေးထားပါတယ်။ Learn to Translate မှာ အင်္ဂလိပ်မှ မြန်မာ၊ မြန်မာမှ အင်္ဂလိပ် ကို အဖွဲ့ဝင်တွေကိုယ်တိုင် ဝင်ရောက်ပြန်ဆိုဖို့ကြိုးစားရင်း အင်္ဂလိပ်စာတိုးတက်မှုရဖို့ရည်ရွယ်ပါတယ်။ Learn to Ask မှာတော့ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး အစာမကြေဖြစ်နေသူများ အတွက် Language Doctor က ဆေးညွှန်းပေးဖို့အသင့်စောင့်နေပါတယ်။
Learning Zone မှာတော့ Learn to Write ၊ Learn to Laugh ၊ Learn to Collocate၊ ဆိုတဲ့ ဆောင်းပါးကဏ္ဍလေးတွေ တင်ဆက်ပေးထားပါတယ်။ Learn to Write မှာ လောလောဆယ် အက်ဆေးတွေးနည်းရေးနည်းကို ဆွေးနွေးထားပါတယ်။ Learn to Laugh မှာတော့ Reader's Digest မဂ္ဂဇင်းထဲက ကောင်းနိုးရာရာ ဟာသ လေးတွေကို ရွေးချယ် မိတ်ဆက်ပေးပြီး ဟာသ ထဲက English Grammar Points တချို့နဲ့ အသုံးအနှုန်းတချို့ကို ထုတ်နှုတ်ရှင်းပြထားပါတယ်။ Learn to Collocate ကဏ္ဍကတော့ စကားလုံးအတွဲအစပ်လေးတွေအကြောင်းကို ဥပမာ တွဲလုံးအသုံးလေးတွေနဲ့တကွ ရှင်းလင်းပြထားပါတယ်။
General English မှာတော့ လောလောဆယ် Interview English ဆောင်းပါးကို တင်ဆက်ပေးထားပါတယ်။ နိုင်ငံရပ်ခြားမှာ English နဲ့သွားတဲ့ အလုပ်အင်တာဗျူးဖြေဆိုမယ့်သူတွေအတွက်အထောက်အကူ ဖြစ်ဖို့ရည်ရွယ်ပါတယ်။
E4M မှာ register လုပ်တဲ့အခါ သိထားသင့်တဲ့ အချက်လေးတွေကို ဒီနေရာမှာပဲ အသိပေးထားချင်ပါတယ်။ create an account ကနေ registration form ကို ဖြည့်ရပါမယ်။ ဖြည့်ပြီးသွားတဲ့အခါ ကိုယ်ပေးထားတဲ့ email address ဆီကို E4M ဆိုဒ်ကနေ account activate လုပ်ဖို့ activation link ပို့ပေးမှာဖြစ်ပါတယ်။ activation link ကို email inbox နဲ့ spam box (၂) နေရာစလုံးကို ဝင်ရောက်ရှာကြည့်ပေးဖို့ လိုပါလိမ့်မယ်။ အဲဒီ activation link ကို click ပြီးပြီဆိုရင်တော့ registration process complete ဖြစ်သွားပါပြီ။ ပေးခဲ့တဲ့ username နဲ့ password ကို သုံးပြီး ဆိုဒ်ရဲ့ အဖွဲ့ဝင်အဖြစ်နဲ့ E-forum နဲ့ E-social တွေကို အသုံးပြုနိုင်ပါပြီ။ E-forum ထဲကိုဝင်ရောက်ပြီး post တွေ၊ post reply တွေ တင်နိုင် လုပ်နိုင်ပါပြီ။
ကျန်တဲ့ sections တွေကို ဆက်လက်ချဲ့ ထွင်ရေးသားနေဆဲဖြစ်ပါတယ်။
လာရောက်လေ့လာသူများအားလုံးကို ကျေးဇူး အထူးပါ။



